德宏州和缅甸木姐地区举行环境保护工作视频会晤

作者:郑彬 杨成林    来源:云南省德宏州人民政府新闻办公室 德宏州生态环境局    时间:2022-04-14 09:46:18
报道:杨成林 刁燕燕 张廷盖 邱琬婷 特约记者 徐彦 李俊江 刘宝昌报道
浏览数:
0评论

环球在线新闻头条报道  近日,德宏州和缅甸木姐地区举行环境保护工作视频会晤。围绕继续发挥好环保热线、跨境环境突发事件协同处置、工作会晤和互访参观学习等方面,双方相关负责人在线上进行了交流。

“环境质量好不好,直接关系到中缅边民的身心健康。德宏州生态环境局相关负责人表示,保护好环境是双方共同的责任,要采取有效措施。比如,携手开展共同守护蓝天白云、绿水青山为主题的环境保护手拉手行动。

“近期,我们组织相关部门,并采取散发传单、网上发布、面对面宣传等方式,多方面开展环境保护法律政策宣传工作。缅方相关负责人表示,将持续推进与德宏州环境保护跨境交流合作,不断增强缅中边民的环境保护意识。

    近年来,随着中缅边境地区经济社会快速发展,生态环境保护工作任务越来越重。为切实加强在环境保护工作方面的交流合作,德宏州生态环境局与缅甸木姐地区建立了定期会晤和紧急事态沟通机制。

       栏目:美丽德宏

       标题:

       中文:德宏州和缅甸木姐地区举行环境保护工作视频会晤

       缅文:

       တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံမူဆယ်ဒေသတို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ ဗီဒီယိုတွေ့ဆုံပွဲ ကျင်းပ

 

       正文

ဧပြီလ ၈ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသတို့သည် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း ဆိုင်ရာ ဗီဒီယိုတွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဟော့လိုင်းအား ဆက်လက် အကျိုးသက်ရောက်စေခြင်း၊  နယ်စပ်ဖြတ်ကျော်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရေးပေါ်ကိစ္စ အတူ ဖြေရှင်းခြင်း၊ လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကျင်းပခြင်းနှင့် အပြန်အလှန် လေ့လာအတုယူခြင်း စသည့် ကဏ္ဍများအား ဗဟိုပြုကာ နှစ်ဦးနှစ်ဖက်မှ တာဝန်ရှိသူများက အွန်လိုင်းမှတစ်ဆင့် အချင်းချင်း ဆွေးနွေးခဲ့ကြပါသည်။

“သဘာဝပတ်ဝန်းကျင်ရဲ့  ကောင်းမွန်မှုဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ ပြည်သူပြည်သားတို့ရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်လျက်ရှိပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်သည်မှာ ကျွန်တော်တို့ တူညီသော တာဝန်ဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောပြပါသည်။
     “ယခုရက်ပိုင်းမှာ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေကို ဖွဲ့စည်းပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ အွန်လိုင်းက ထုတ်ဝေတာ၊ မျက်နှာချင်းဆိုင် မိတ်ဆက်တာအစရှိတဲ့ နည်းလမ်းတွေကတစ်ဆင့် ပတ်ဝန်းကျင်ကာကွယ်ရေး ဥပဒေများနှင့် မူဝါဒများကို ဘက်ပေါင်းစုံကနေ လူသိရှင်ကြား မိတ်ဆက်လိုက်ပါတယ်”ဟု မြန်မာဘက်မှ တာဝန်ရှိသူက ပြောပြပါသည်။ ကျွန်တော်တို့သည်  တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲနှင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူပြည်သားတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ စဉ်ဆက်မပြတ် တိုးမြှင့်စေမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါသည်။

ယခုရက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ စီးပွားရေးနှင့်လူမှုအဖွဲ့အစည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတာဝန် ပို၍ ကျေပွန်လာပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ထိရောက်စွာ အားကောင်းစေရန်အတွက် တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာနသည် မြန်မာနိုင်ငံ မူဆယ်ဒေသနှင့် ပုံမှန် အစည်းအဝေးနှင့် အရေးပေါ် ဆက်သွယ်ရေး ယန္တရားတစ်ရပ်ကို ထူထောင်ခဲ့ကြပါသည်။

အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

回到顶部图片